Videos
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှီကျီခရိုင် နှင့် ဟွေ့နင်ခရိုင် တို့ကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမကြီး
ပေကျင်း ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ ဒေသ ရှီကျီခရိုင်မှ ကန်းစုပြည်နယ် ဟွေ့နင်ခရိုင်သို့ ဆက်သွယ် ဖောက်လုပ်ထားသည့် အမြန်လမ်းမကြီးသည် လာမည့် ဒီဇင်ဘာတွင် ပြီးစီးတော့မည်ဖြစ်သည်။ ဒေသခံ ရွာသား ၈၃၀ အပါအဝင် အလုပ်သမား ၁,၅၀၀ ကျော်က ကပ်ရောဂါတိုက်ဖျက်ရေး အစီအမံများနှင့်အတူ မတ်လတွင် လမ်းဖောက်လုပ်ရေး စီမံကိန်းကို ပြန်လည်စတင်ခဲ့သည်။ အဆိုပါ အဝေးပြေးလမ်း တည်ဆောက်မှုကို ၂၀၁၇ ခုနှစ် ဧပြီတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းအဝေးပြေးလမ်းမကြီးသည် ရှီကျီခရိုင်အတွက် လမ်းပန်းဆက်သွယ်ရေးကို များစွာ အထောက်အကူပြု တိုးတက်စေမည်ဟု မျှော်လင့်ထားသည်။ တရုတ်နိုင်ငံသည် ယခု ၂၀၂၀ ပြည့်နှစ်တွင် အလယ်အလတ် ချမ်းသာကြွယ်ဝသော လူမှုအသိုက်အဝန်း တည်ဆောက်မှုကို ပြီးပြည်စုံစေရန် အရှိန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)