Connect with us

Videos

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နှစ် ၉ဝ ပြည့် စစ်ရေးပြအခမ်းအနား အကြိုလေ့ကျင့်

မွန်ဂိုလီးယား၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Zhurihe စစ်လေ့ကျင့်ရေးအခြေစိုက်စခန်း၌ ဇူလိုင်လ ၃ဝ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) တည်ထောက်ခြင်း နှစ် ၉ဝ ပြည့် အခမ်းအနားအတွက် စစ်ရေးပြကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ စစ်ရေးပြ အကြိုလေ့ကျင့်ရေးအစီအစဉ်ကို ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံတော်သစ် စတင်ထူထောင်ခဲ့သည့် ၁၉၄၉ခုနှစ် တွင် ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနား ပြီးကတည်းက သြဂုတ်လ ၁ ရက်တွင်ကျရောက်မည့် တပ်မတော်နေ့အတွက် ယခုကဲ့သို့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.