Videos
တရုတ်မြေတိုင်းပညာရှင်အဖွဲ့ ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်းမား တောင်ထိပ်သို့ရောက်ရှိပြီ (ရုပ်သံ)
ချိုမိုလန်းမားတောင် ၊ မေ ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးချိုမိုလန်းမား တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ပေကို အတိအကျပြန်လည်တိုင်းတာရန်အတွက် နိုင်ငံတော်မှ အထူးစေလွှတ်ခြင်းခံရသော ယင်းပညာရှင်အဖွဲ့သည် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ကို အစပြုလိုက်ခြင်းဖြစ်ကြောင်း တောင်တက်အဖွဲ့၏ မြေပြင်အခြေစိုက်စခန်းမှ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။(Xinhua)