Videos
တရုတ်လေဆိပ်တွင် ယာယီမှတ်ပုံတင်ကို အချိန် စက္ကန့် ၃ဝဖြင့် ထုတ်ပေး
ဟိုင်နန်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဟိုင်နန်ပြည်နယ်၊ Haikou Meilan လေဆိပ်တွင် မှတ်ပုံတင်ပျောက်ဆုံးသူနိုင်ငံသားများအတွက် ယာယီမှတ်ပုံတင်ကို ကြာချိန် စက္ကန့် ၃ဝ အတွင်းပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။ လေဆိပ်တွင် ပြည်တွင်းခရီးစဉ်များကိုသွားလာရန် မိမိ၏ မှတ်ပုံတင်သက်သေခံကတ်ပြားကို ပြသရန်လိုအပ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ID ကတ်ပြားယူဆောင်မလာနိုင်သူများကို ယာယီ မှတ်ပုံတင်ကတ်များပြုလုပ်စေကာ ခရီးသွားလာခွင့်ပြုပေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် မိမိ၏ မူရင်းမှတ်ပုံတင်အမှတ်ကိုတော့ မှတ်မိရမည်ဖြစ်ပြီး မျက်နှာဖတ် စနစ်ဖြင့် မိမိ၏ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကာ ယာယီ ID အဖြစ် ထုတ်ပေးခြင်းဖြစ်သည်။ ထို ဝန်ဆောင်မှု မှာ လွယ်ကူရှင်းလင်းကာ အချိန်ကုန်သက်သာစေပြီး မှတ်ပုံတင် ID ကတ်ပြားပျောက်ဆုံး ပျက်ဆီးသူများအတွက် အလွန်အဆင်ပြေသောဝန်ဆောင်မှုတစ်ခုဖြစ်လာသည်။ (Xinhua)