Videos
တရုတ် ချင်းမင် ပွဲတော်ကျင်းပ
ခိုင်ဖုန်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဆွန်မင်းဆက်လက်ထက်ကတည်းက ကျင်းပခဲ့သည့် တရုတ် ချင်းမင် ပွဲတော် တွင် လူပေါင်း ၂ဝဝဝ ကျော်တို့သည် ရိုးရာဝတ်စုံများဝတ်ဆင်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ဧပြီ လ ၁ ရက်နေ့ က စတင်ကျင်းပခဲ့သည့် အဆိုပါပွဲတော် ကို ၁ဝ ရက်တိုင်တိုင်ကျင်းပမည်ဖြစ်သည်။
ချင်းမင်ပွဲတော်ကို ဘိုးဘွားများနေ့ဟုလည်း ဘာသာပြန်ဆိုကြသည်။ ပွဲကျင်းပသူများ၏ အဆိုအရ ချင်းမင်ပွဲတော်အား ရှေးဟောင်းမြို့တော် ခိုင်ဖုန်းတွင် နှစ်စဉ်နှစ်တိုင်း သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းသည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုပွဲတော်တွင် ရှေးဟောင်းအဝတ်အစားများ ဝတ်ဆင်လှည့်လည်ခြင်းများအပါအဝင် အခြားဖျော်ဖြေတင်ဆက်မှု အစုံအလင်ဖြင့် ၁ဝ ရက်တိုင်တိုင်ကျင်းပမည်ဟုသိရသည်။ (Xinhua)