Connect with us

Videos

တရုတ်- ဂျာမနီ ဆက်ဆံရေး ခိုင်မာကြောင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် ယုံကြည်

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ ၉ ကြိမ်မြောက် ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲနှင့် ဇွန်လ ၁၂ ရက် က ပေကျင်းမြို့ ဆင်ခြေဖုန်းရှိ နွေရာသီ စံအိမ်တော်၌ တွေ့ဆုံစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်- ဂျာမနီ အနာဂတ် ဆက်ဆံရေးအား ၎င်းအနေဖြင့် ယုံကြည်စိတ်ချမှုရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု စွမ်းအားသစ်များ ဖန်တီးရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဤခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရခေါင်းဆောင်နှစ်ဦးသည် လေးကြိမ်မြောက် တရုတ်- ဂျာမနီ အစိုးရချင်း ဆွေးနွေးညှိနှိုင်းပွဲ၌ ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နှင့် ဂျာမနီ အပါအဝင် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် တရုတ်နိုင်ငံက ကြိုဆို ကြောင်း ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် မာကဲ ကလည်း နှစ်နိုင်ငံအကြား အစိုးရချင်း ဆွေးနွေးညှိနှိုင်းပွဲသည် နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်သော ဖွံ့ဖြိူးမှု မြှင့်တင်ခြင်းလည်းဖြစ်ကြောင်း၊ တရုတ်- ဂျာမနီ ပူးပေါင်းဆောင်ရွက်ခြင်း လှုပ်ရှားမှု အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.