Connect with us

Videos

တရုတ် နှင့် အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုမြှင့်တင်

ပေကျင်း၊ ဧပြီ ၃ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ ဧပြီ ၂၇ ရက် နှင့် ၂၈ရက်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ နှင့် အလွတ်သဘောတွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ယုံကြည်မှုသည် အခြေခံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက နှစ်နိုင်ငံစလုံးသည် မဟာဗျူဟာမြောက် အမြင်ဖြင့် တရုတ်-အိန္ဒိယ ချစ်ကြည်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပြီး အပြန်အလှန်ယုံကြည်နားလည်မှုကို မြှင့်တင်ကာ တည်ရှိပြီးသား ရင်းနှီးချစ်ခင်သည့် ခံစားချက်များ နှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုနက်ရှိုင်းလာစေရန် နှစ်နိုင်ငံ ပြည်သူများ နှင့် ကဏ္ဍအားလုံးကို အဆင်မြှင့်တင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင် တို့အနေဖြင့် သမိုင်းကြောင်း ရှည်လျားသည့် တရုတ် ယဉ်ကျေးမှု ပစ္စည်းများ နှင့် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု အစဉ်အလာ များကို လေ့လာကြည့်ရှု ခဲ့ကြသည်။နှစ်နိုင်ငံ ခေါင်းဆောင် အနေဖြင့် ရှည်လျား သည့် သမိုင်းကြောင်း ရှိခဲ့သည့် နှစ်နိုင်ငံ ၏ ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် အပြန်အလှန်လေ့လာခြင်း ဆိုင်ရာ သဘောထား အမြင်များ ကို ဖလှယ် ခဲ့ကြပြီး မတူညီသည့် ယဉ်ကျေးမှု များအား အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲတည်ရှိရေး ကို တွန်းအားပေး ဆောင်ရွက်ရန် သဘောထား အမြင်များကို ဖလှယ် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.