Connect with us

Videos

တရုတ်-မြန်မာ ပူးပေါင်းတည်ဆောက်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ယခုနှစ်ကုန်ပိုင်းတွင် စတင်မည်

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်သည့် သာကေတ သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ယခုနှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး နှင့် ရန်ကုန်မြို့ ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အတိုင်းအတာ တစ်ခု အထိ ထောက်ပံ့ပေးနိုင်တော့မည် ဖြစ်ကြောင်း သာကေတ သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းအမှုဆောင်အရာရှိ က ဇန်နဝါရီ ၂၂ ရက် တွင် ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး သံမှူးကြီး ရှဲကော်ရှန် တို့သည် သာကေတ သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံ ရှိ လုပ်ငန်း တည်ဆောင်မှု ပိုင်းဆိုင်ရာ လုပ်သားများကို သွားရောက်ကြည့်ရှုခဲ့သည်။

ယခု ဆောင်ရွက်နေသည့် သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း သည် ယခု နှစ်ကုန်ပိုင်းတွင် ၇၂ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန် တပ်ဆင်သွားမည် ဖြစ်ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ တွင် ၃၄ မဂ္ဂါဝပ် တိုးမြှင့်ကာ စီမံကိန်း ပထမပိုင်း ကာလ ဆောင်ရွက်မှုများကို အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း စက်ရုံ အထွေထွေ မန်နေဂျာ တုန်ဖန် က ရှင်လင်းပြောကြား ခဲ့သည်။

သာကေတ လျှပ်စစ်ဓာတ်အာပေး စက်ရုံ ကို ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်နေ့က စီမံကိန်း အုတ်မြစ်ချ အခမ်းအနား ပြုလုပ်ခဲ့ပြီး စီမံကိန်း ပထမ ကာလ တွင် ၁၀၆ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန် ရည်မှန်းထားပြီး၂၀၁၈ ခုနှစ် မတ်လတွင် စက်ရုံ ကို အပြီးသတ် တည်ဆောက်နိုင်ရန် သတ်မှတ် ထားသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မှ စက်ရုံရှိ လုပ်သားများကို သွားရောက်ကြည့်ရှုစဉ် အတွင်း စီမံကိန်း ကို ကောင်းမွန်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြား ခဲ့သည်။

ယခု စီမံကိန်း အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ U ENERGY THAKETA POWER CO.,LTD ကို ပူပေါင်း ရင်းနှီးမြှုပ်နှံခဲ့ပြီး တရုတ်နိုင်ငံ Union Resources & Engineering Co., Ltd. (UREC) နှင့် မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန တို့မှ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလ တွင် နားလည်မှုစာချွန်လွှာ ကို ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ထိုစဉ်က မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် တို့ရှေ့မှောက် တွင် သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.