Videos
တရုတ် ရှားပါး တောင်ဆိတ်မျိုးနွယ်ဝင်များအတွက် စေတနာ့ဝန်ထမ်းရေပို့သမားကြီး
မွန်ဂိုလီးယား၊ ဇွန် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ အယ်ဘာဆီဟု အမည်ရသောကျောက်သားထုထည်များပြားသည့်တောင်တန်းများတွင် ဘယ်ရယ် ဟု ခေါ်တွင်သော ရှားပါးတောင်ဆိတ်မျိုးနွယ်များ ကျက်စားနေထိုင်ကြသည်။
တောင်တန်းများမှာ ကျောက်သားထုထည်များဖြစ်သောကြောင့် သောက်သုံးရေ ရှားပါးပြီး အသက်ဆက်ရန် ခဲယဉ်းလှသည့် ထို တိရစ္ဆာန်များ၏ အခက်အခဲကိုသတိပြုမိကာ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာသည်အထိ ပုံမှန် သောက်သုံးရေ ဖြန့်ဖြူးပေးနေသည့် စေတနာ့ဝန်ထမ်း တရုတ်အဖိုးအိုတစ်ဦး၏ အကြောင်းကို ဆင်ဟွာသတင်းဋ္ဌာနမှ မှတ်တမ်းတင်ရိုက်ကူးထားပါသည်။ (Xinhua)