Connect with us

Videos

တောတောင်ထူထပ်သည့် ကွေ့ကျိုးပြည်နယ်တွင် အမြန်လမ်းကွန်ရက် တိုးမြှင့်ဖြန့်ကျက်တည်ဆောက်လျက်ရှိ

ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ယခုနှစ်ကုန်ပိုင်း၌ အမြန်လမ်း အရှည် စုစုပေါင်း ၇,၆၀၀ ကီလိုမီတာ အထိရှိလာခဲ့ကြောင်း ဒေသတွင်းသယ်ယူပို့ဆောင်ရေးဌာနမှ သတင်းထုတ်ပြန်သည်။တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်းကာလဖြစ်သည့် (၂၀၁၆-၂၀၂၀) အတွင်း ကွေ့ကျိုးပြည်နယ်တွင် တရုတ်ယွမ်ငွေ ၇၂၅.၈ ဘီလီယံ (ဒေါ်လာ ၁၁၀.၉ ဘီလီယံခန့်) အကုန်အကျခံကာ အမြန်လမ်းများ တည်ဆောက်ခဲ့ကြောင်း သိရသည်။

တောတောင်ထူထပ်သည့် ကွေ့ကျိုးပြည်နယ်၌ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် လာမည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြန်လမ်းအရှည် ကီလိုမီတာ ၁၀,၀၀၀ အထိ ရောက်ရှိ အောင် ဖောက်လုပ်သွားရန်ရည်မှန်းထားသည်။
ကွေ့ကျိုးပြည်နယ်တွင် ကူးလူးဆက်သွယ်ရေးကွန်ရက်ကို ပိုမိုတိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ ၂၀၁၅ ခုနှစ်၌ ကွေ့ကျိူး ပြည်နယ်အတွင်းရှိ ကောင်တီများ အချင်းချင်း အမြန်လမ်းဖြင့် ချိတ်ဆက်သွားလာနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်တွင် ကျေးရွာများအားလုံး နိုင်လွန်ကတ္တရာခင်းလမ်းများဖြင့် အချင်းချင်းချိတ်ဆက်သွားလာနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.