Connect with us

Videos

ဒေါ်လာသိန်းဂဏန်းသာကျသင့်မည့် အသေးငယ်ဆုံးဂြိုဟ်တုများအရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်လာနိုင်

ဟန်ကျိုး၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးတွင်ကျင်းပသည့် expo တွင် တရုတ်နိုင်ငံ ၏ အသေးငယ်ဆုံး ဂြိုဟ်တု ZDPS-1A ပုံစံကို ပထမဆုံးအနေဖြင့် ထုတ်ဖော်ပြသခဲ့သည်။ ထိုသို့ အသေးငယ်ဆုံး ဂြိုဟ်တု ၂ လုံးကို ၂ဝ၁ဝခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် အာကာသထဲသို့ တရုတ်နိုင်ငံ က လွှတ်တင်ခဲ့ဖူးသည်။

ထိုအချိန်က ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့သည့် အတွက် နိုင်ငံအတွက် အောင်မြင်မှုတစ်ခုဖြစ်ပြီး ထို ဂြိုဟ်တုများမှာ ကီလိုဂရမ်လောက်သာအလေးချိန်ရှိသည်။

“ဂြိုဟ်တု အစိတ်အပိုင်းအားလုံးကို ကျွန်တော်တို့ဘာသာပဲ ထုတ်လုပ်တာပါ။ ဂြိုဟ်တု ရဲ့ ဆွဲငင် အစိတ်အပိုင်း ကို ကျွန်တော်တို့ နည်းပညာအသစ်ဖြင့်ပြောင်းလဲထုတ်လုပ်တာပါ။ ပုံမှန်အားဖြင့် ဂြိုဟ်တုရဲ့ ဆွဲငင်အစိတ်အပိုင်း ရဲ့ အလေးချိန်က ကီလိုဂရမ် ၂ဝ ကျော်ပါတယ်။ ဒါပေမယ့် ဒီ ZDPS-1A ဂြိုဟ်တု မှာတော့ ၁ဝဝ ကီလို ဂရမ်သာ အလေးချိန်ရှိအောင် ပြောင်းလဲတီထွင်ထားပါတယ်။”

ZDPS-1A ဂြိုဟ်တု သည် စုစုပေါင်းအလေးချိန်မှာ ၃.၅ ကီလိုဂရမ်သာရှိပြီး အံစာတုံးသဏ္ဍာန်ရှိကာ အရှည်၁၅ စင်တီမီတာ ရှိပြီး ပါဝါ ၃.၅ ဝပ်ရှိရုံဖြင့်အလုပ်လုပ်နိုင်သည်။ ၂ဝ၁ဝ ခုနှစ်က လွှတ်တင်ခဲ့သည့် အဆိုပါ ဂြိုဟ်တုငယ်များသည် ကမ္ဘာကို ၉၆ မိနစ်တစ်ကြိမ် ပတ်ကာ လှုပ်ရှားသွားလာနေပြီဖြစ်သည်။

ဂြိုဟ်တုကြီးများနှင့် နှိုင်းယှဉ်ပါက ဂြိုဟ်တုကြီးများအားတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၄၉ သန်း ခန့်ကုန်ကျမည်ဖြစ်သော်လည်း ဂြိုဟ်တုငယ်များအတွက်မူ ဒေါ်လာ သိန်းဂဏန်းသာ ကျသင့်မည်ဖြစ်သည်။ ဂြိုဟ်တုကြီးများအားလွှတ်တင်ရန် ရက်ပေါင်း ၃ဝ နှင့် ၄ဝ ရက်ကြားလိုအပ်သော်လည်း ဂြိုဟ်တုငယ်များ လွှတ်တင်ရန်မူ ရက်အနည်းငယ်သာ လိုအပ်မည်ဖြစ်သည်။

ထိုသို့သောအကျိုးကျေးဇူးများကြောင့် ဂြိုဟ်တုငယ်များမှာ အရေးပေါ်ဆက်သွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန ္တရာယ် ထိခိုက်ပျက်စီးသည့်နေရာများ အတွက် နောက်ပိုင်းတွင်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာနိုင်ဖွယ်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.