Connect with us

Videos

နယူးယောက်မြို့အကြမ်းဖက်တိုက်ခိုက်ခံရ

နယူးယောက် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အနီး လမ်းလျှောက်သွားလာနေကြသူများ အား ထရပ်ကားတစ်စင်းက ဝင်ရောက်တိုက်ခဲ့ပြီးနောက်တွင် လူ ၈ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ဝန်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နယူးယောက်မြို့ရဲမှူးကြီး James O’ Neil က သံသယရှိသူမှာ အသက် ၂၉ နှစ်ရှိပြီး နယူးယောက်မြို့သား မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။၎င်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ဝ၅ မိနစ်တွင် ဟူစတန်လမ်းထဲရှိ West Side စက်ဘီး၊လူသွားလမ်းအတွင်းသို့အိမ်သုံးပစ္စည်းသယ်ယူပို့ဆောင်ရေး အငှားယာဉ် ထရပ်ကား တစ်စင်းကို ထိုအမျိုးသားက မောင်းနှင်ဝင်ရောက် ခဲ့ကြောင်း O’ Neil က ဆိုသည်။ ၎င်းဖြစ်စဉ်အတွင်း လမ်းလျှောက်နေသူများ နှင့် စက်ဘီးစီးနင်းနေသူများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းထရပ်ကားသည် လမ်းအတွင်း ကျောင်းကြိုဘတ်စ်ကားတစ်စင်း အားဝင်တိုက်ခဲ့ပြီး လူကြီး ၂ ဦး နှင့် ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထရပ်ကားသမားသည် ကားပေါ်မှ ဆင်းပြေးခဲ့ပြီး ၎င်း၏ လက်ထဲတွင် ရော်ဘာဘောလုံးကျည်ထည့်ပစ်ရသော သေနတ်တစ်လက် နှင့် လူစုလူဝေးဖြိုခွဲရာတွင် အသုံးပြုသော သေနတ် အမျိုးအစားတစ်လက်ကို ကိုင်ဆောင်ထားကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုသည် အောက်ဘက်မန်ဟတ်တန်ရပ်ကွက်၌ နှစ်ပတ်လည် ဟောလိုဝင်ပွဲ မကျင်းပခင် နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.