Connect with us

Videos

နာရီ ၅ဝ ကြာ မရပ်တန်းယောဂလေ့ကျင့်နိုင်သူအဖြစ် နီပေါနိုင်ငံသား ယောဂဆရာ ဂင်းနစ်စံချိန်တင်

ခတ္တမန္ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူတွင် ဇွန်လ ၂ဝ ရက်နေ့က နီပေါနိုင်ငံသားယောဂဆရာ အူတန်မူခန်ဆိုသူသည် ကမ္ဘာပေါ်တွင် နာရီပေါင်းများစွာတိုင်ယောဂကို မရပ်မနားလေ့ကျင့်နိုင်သူအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်။

အသက် ၃ဝ အရွယ်ရှိပြီဖြစ်သည့် မူခန်သည် ဂင်းနစ်စံချိန်ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အကြိုတစ်ရက် တွင်ရရှိခဲ့ခြင်းဖြစ်ပြီး နာရီပေါင်း ၅ဝ နာရီ ၁၅ မိနစ်ကြာ ဆက်တိုက် ယောဂလေ့ကျင့်သူအဖြစ် စံချိန်တင်နိုင် ခဲ့ခြင်းဖြစ်သည်။

အူတန်မူခန်သည် နီပေါနိုင်ငံ ရှိ ကျေးလက်ဒေသတွင်ဖွားမြင်ခဲ့သူဖြစ်ပြီး အိန္ဒိယနိုင်ငံ ဘန်ဂလောတွင် ယောဂဆိုင်ရာ ဒီဂရီကို ရရှိခဲ့သူဖြစ်သည့်အပြင် ယောဂ ဂုရု ဗီကာရှာနန်ဒါ ၏ လေ့ကျင့်ခန်းများဖြင့်လေ့ကျင့် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.