Connect with us

Videos

နိုင်ငံတော် သမ္မတက အကျဉ်းသား ၈၄၉၆ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား ယနေ့ နိုင်ငံတော် သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အကျဉ်းသား ၈၄၉၀ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်ကြောင်း သိရသည်။ ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် အသက် ၈၀ နှစ်နှင့် အထက် ၂၇ ဦး ၊အသက် ၇၅ မှ ၈၀ အကြား ၂၉ ဦး ၊ကျန်းမာရေးမကောင်း ၁၄ ဦး ၊လဝကအက် ၁၃(၁) နိုင်ငံခြားသား ၄၄ ဦး ၊ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျ ၁၄၆၂ ဦး ၊မူးယစ်ပုဒ်မ ၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၃၂၂၀ ဦး ၊(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၁၆၈၀ ဦး ၊(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျ ၁၈၃၅ ဦး ၊ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျ ၁၄၁ ဦး ၊AAPP စာရင်းဝင် နိုင်ကျဉ်း ၃၆ ဦး ၊ နိုင်ငံသားအကျဉ်းသူ ၁ ဦးနှင့် ဗီယက်နမ် ၈ ဦးနှင့် အကျဉ်းသား ၈ ဦး စုစုပေါင်း ၈၅၄၁ ဦး လွတ်မြောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.