Connect with us

Videos

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများအတွက်အိမ်ရာများကို လစဉ်အရစ်ကျ ငွေချေစနစ်နှင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့်လည်း လျှပ်စစ်မီးတိုးမြှင့်ရရှိရေးအတွက် လာမည့် (၃) နှစ်အတွင်း တိုးချဲ့ပြီး ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ၊ ယိမ်းယိုင်နေသော တရားစီရင်ရေးကို တည့်မတ်ရန်တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲကြရန် ညှိနှိုင်းဆောင်ရွက်ပြီးကြောင်း သမ္မတက ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မြှင့်တင်ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနှင့် CBO များ၊ CSO များ၊ မီဒီယာ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် မြှင့်တင်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ရန် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်နေသည့်လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းရန်ဖြစ်ကြောင်း သမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

အထက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လိုက်နာရမည့် အခြေခံမူသည် “တည်ငြိမ်မှု ကိုလည်းမထိခိုက်စေ၊ အပြောင်းအလဲတွေလည်းဖြစ်ပေါ်စေ” သော နည်းလမ်းနှင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အထူးသဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု အဆင့်ဆင့်ရှိရေးဆိုသော စံနှုန်းကိုအခြေခံပြီး ပြုပြင်ပြောင်းလဲမှုများကို ပြည်ထောင်စုအစိုးရ၊ အခြားသောမဏ္ဍိုင်ကြီးများ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူများ၏ စုပေါင်းအင်အားနှင့် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.