Connect with us

Videos

နောက်ဆုံးပေါ်နည်းပညာများကိုမိတ်ဆက်ပြသလျက်ရှိသည့် (၃)ကြိမ်မြောက် ကမ္ဘာ့အသိဉာဏ် နည်းပညာ ကွန်ဂရက်

ထျန်းကျင်း၊ မေ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် ၃ကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်နည်းပညာကွန်ဂရက် (3rd world intelligent congress) ကို မေလ ၁၆ ရက်နေ့ က စတင်ကျင်းပလျက်ရှိရာ အဆိုပါပွဲသို့ အသိဉာဏ်နည်းပညာ နှင့် နောက်ဆုံးပေါ် ခေတ်မီနည်းပညာသုံး ကိရိယာများကို လေ့လာရန် သုတေသီများ၊ နည်းပညာဆိုင်ရာခေါင်းဆောင်များ စုဝေးရောက်ရှိခဲ့ကြသည်။

3rd world intelligent congress ပွဲတွင် နောက်ဆုံးပေါ်နည်းပညာသုံး ပစ္စည်းကိရိယာများကိုထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ သုတေသီများ၊ နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများက ၎င်းတို့ တီထွင်ဖန်တီးထားသည့် အသိဉာဏ်နည်းပညာသုံး drone များ၊ ရေငုပ်ကိရိယာများ၊ မျက်နှာမှတ်နည်းပညာသုံး ကိရိယာများ၊ စက်ရုပ်များနှင့် မောင်းသူမဲ့ယာဉ်များ ကို 5 G ကွန်ရက်နည်းပညာဖြင့်ချိတ်ဆက်ပြသခဲ့ကြသည်။

ထို့အပြင် ကျန်းမာရေးဆိုင်ရာ နောက်ဆုံးပေါ်ပစ္စည်းများ၊ လုံခြုံရေး စက်ရုပ်များ အပါအဝင် လူတို့နေ့စဉ် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများအထိ လာရောက်ပြသခဲ့ကြပြီး လေ့လာသူများဖြင့် စည်ကားလျက်ရှိသည့် ပွဲမြင်ကွင်းပုံရိပ်များ နှင့် ပွဲအတွင်း ခင်းကျင်းပြသလျက်ရှိသည့် တီထွင်မှုများကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးမေးမြန်းခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.