Videos
နွားများ၏ကိုယ်ပေါ်တွင်ဆေးရောင်စုံများရေးခြယ်ရသည့်ပြိုင်ပွဲ
ယူနန်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် နွားများ၏ ခန္ဓာကိုယ်ပေါ်၌ ဆေးရောင်စုံပန်းချီကားများ ရေးခြယ်ကာဝင်ရောက်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲတစ်ရပ်ကိုကျင်းပခဲ့ကြသည်။ ၂ ရက်တာကျင်းပခဲ့သည့်အဆိုပါပွဲမှာ နိုင်ငံခြားသား ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ တရုတ် ၊ဗီယက်နမ်နှင့် လာအို နိုင်ငံတို့မှ ပန်းချီပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၃၈ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ပန်းချီကားများရေးဆွဲစဉ်တွင် နွားများကို ကောက်ရိုးအစာများကျွေးထား ကာရေးဆွဲခဲ့ကြသည်။ ပြိုင်ပွဲတွင် အကောင်းဆုံးဒီဇိုင်းရေးဆွဲနိုင်သူများကို ဆုများချီးမြှင့်ပေးခဲ့ပြီး ပထမဆုအဖြစ်ဆုငွေ အမေရိကန်ဒေါ်လာ ၁၅ဝဝ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ရှေးခေတ်က ထိုသို့ပန်းချီဆွဲထားခြင်းအားဖြင့်နွားများကို သားရဲတရိစ္ဆာန်များ၏ ရန်မှ ကာကွယ်စေရန်နှင့် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်နွားများကို အမှတ်အသားပြုကာကွယ်ရာရောက်စေရန် ပြုလုပ်ခဲ့ပြီး ယခုခေတ်တွင် ပန်းချီဆရာများ၏ လက်ရာများကို ဖော်ထုတ်နိုင်စေရန် နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုအားပေးမြှင့်တင်ရန် ထိုပွဲတော်ကို ဆက်လက်ကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)