Connect with us

Videos

နှစ်ပေါင်း၁ဝဝ အထိ ခိုင်ခံ့ကောင်းမွန်အောင်တည်ဆောက်ထားသော ဟန်ကျိုးပင်လယ်ကူးတံတားကြီး

ဟန်ကျိုး၊ မေ ၂ ရက်(ဆင်ဟွာ)

၂ဝဝ၈ ခုနှစ်မေလ ၁ ရက်နေ့ ကစတင်ဖွင့်လှစ်ခဲ့သည့် အရှည် ၃၆ ကီလိုမီတာရှိသော ဟန်ကျိုးပင်လယ်ကူး တံတားကြီးမှာ ယခု ၁ဝ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ တံတားကြီးစတင်ဖွင့်လှစ်သည့် လွန်ခဲ့သည့် ၁ဝ နှစ်က ထိုတံတားကြီးမှာ ကမ္ဘာ့အကြီးဆုံးပင်လယ်ကူးတံတားကြီးတစ်စင်းလည်းဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာတိုင် ပြည်သူသန်း၁၅ဝကျော်၏ အိုးအိမ်စည်းစိမ်နှင့် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁သိန်းနီးပါး အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဖြစ်ထွန်းစေသည့်တံတားတစ်စင်းဖြစ်ခဲ့သည်။

“ အခုဆိုရင် ဒီတံတားကို ကားအစီးရေ ပေါင်းသန်း ၁၂ဝ လောက် ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါက သိသာတဲ့ စီးပွားရေးအကျိုးဖြစ်ထွန်းမှုလည်းဖြစ်ပြီး ဟန်ကျိုးပင်လယ်အော် ၏ တောင်ပိုင်းနဲ့မြောက်ပိုင်းကို သွားလာချိန်တိုတောင်းစေမှာဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကိုလည်းလျှော့ချပေးနိုင်ခဲ့ပါတယ်။” ဟု ဟန်ကျိုးပင်လယ်ကူးတံတား ထိန်းသိမ်းရေးဗြူရိုမှ Wang Jun က ဆိုသည်။

ဟန်ကျိုးတံတားကိုအသုံးပြုခြင်းအားဖြင့် စွမ်းအင်ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံကိုလျှော့ချပေးနိုင်ခဲ့ပြီး ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၃.၉၆ မီလီယံကိုလည်း လျှော့ချပေးနိုင်ခဲ့ကြောင်း လေ့လာမှုများအရသိရသည်။ ဟန်ကျိုးပင်လယ်အော်တောင်ပိုင်းမှာ စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကားထားသည့်ဒေသဖြစ်ကာ ယခုအချိန်တွင်အထပ်မြင့်ရုံးခန်းအဆောက်အဦများနှင့် အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုအဖြစ်တိုးတက်လာခဲ့သည်။ ၆ လမ်းသွား ဟန်ကျိုးပင်လယ်ဖြတ်ကူးတံတားကြီးကို ပြည်တွင်းနည်းပညာများဖြင့်သာ တီထွင်ဖန်တီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံထုတ် အကြီးမားဆုံး အခြေခံအဆောက်အဦတည်ဆောက်မှုအဖြစ် အောင်မြင်ကျော်ကြားခဲ့ရုံသာမက နှစ်ပေါင်း ၁ဝဝ အထိ သက်တမ်းရှည်ကြာအသုံးပြုနိုင်ရန်တည်ဆောက် ထားခြင်း လည်းဖြစ်သည်။

“၁ဝ နှစ်ဆိုတာက တံတားသက်တမ်း နှစ် ၁ဝဝ နှင့်ယှဉ်မယ်ဆိုရင်တော့တိုတောင်းတဲ့ အချိန်အပိုင်းတစ်ခုပါဘဲ။ ကျွန်တော်တို့တွေ တံတားကြီးကို နှစ်ပေါင်း ၁ဝဝ အထိ ခိုင်ခံ့မှုရှိနေအောင် ဘက်ပေါင်းစုံက ကြိုးပမ်းအားထုတ်မှုများပြုလုပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ တံတားတည်ဆောင်မှုသမိုင်းမှာ နမူနာကောင်းတစ်ခုအနေနဲ့ကျန်ခဲ့အောင်ကျွန်တော်တို့ ကြိုးစားသွားကြမှာပါ။” ဟု Wang Jun က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.