Connect with us

Videos

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အောင်မြင်မှုများ နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ဖလှယ်မှု များ ပြုလုပ်ခဲ့ကြသည့် ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေး ပွဲအား မေလ ၂၁ ရက် တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအိမ်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကို တရုတ်-မြန်မာ မီဒီယာများမှ တာဝန်ရှိသူများက သိလိုသည်များအား မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဒီလှိုင်း ဂျာနယ်၏ အယ်ဒီတာချုပ် မုံရွာ အောင်ရှင်(ခ) ဦးအေးကြူက မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ပူးပေါင်း ဆောင်ရွက်နေသည့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး) နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအကောင်အထည် ဖော်ရေး တို့အတွက် အောင်မြင်အောင် ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ဆက်ဆံရေး ၊ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ အပေါ် ဆင်ဟွာ သတင်းဌာန၏ မေးမြန်းမှုအား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြန်လည်ဖြေကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ၊ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းရေး အတွက် ပူးပေါင်း ဆောင်ရွက်သည့် နည်းလမ်းဖြင့် ဖြေရှင်း သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံက မြန်မာ မိတ်ဆွေများနှင့် ပူးပေါင်း၍ ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး)ကို ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အဆိုပါ လုပ်ငန်းများ အပေါ် တရုတ်နိုင်ငံဘက်က တတ်နိုင်သမျှ ကူညီပေးချင်ပါကြောင်း ၊ မြန်မာနိုင်ငံတွင် အောင်မြင်မှု ရရှိနိုင်မည် ဆိုပါက တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပို၍ တိုးတက် ခိုင်မာလာမည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေး ပွဲသို့ တရုတ်-မြန်မာ မီဒီယာများ ဖြစ်ကြသည့် ဆင်ဟွာ သတင်းဋ္ဌာန (ရန်ကုန်ဗျူရို) ၊ Yangon Bureau of China Radio International ၊ Guangming Daily Yangon Bureau ၊ Yunnan Media Group Myanmar office နှင့် Yunnan Daily ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ၊ Forever Group ၊ ဒီလှိုင်း ၊ ကြေးမုံ ၊ ရန်ကုန်တိုင်းမ် ၊ မြန်မာတိုင်းမ် ၊ Democracy Today ၊ Myawaddy ၊ The Voice ၊ 7Day ၊ Mizzima ၊ ရွှေဇာမဏီ ၊ The Northern Light စသည့် မီဒီယာများမှ တာဝန်ရှိသူများ ပါဝင် တက်ရောက် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.