Connect with us

Videos

ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး၏ မြန်နှုန်းမြင့်ရထားလမ်းပိုင်းတည်ဆောက်ပြီးစီး

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးတွင် ထည့်သွင်းတည်ဆောက်လျက်ရှိသည့် မြန်နှုန်းမြင့် ရထားလမ်း၏ အဓိကကျသည့် တည်ဆောက်မှုလုပ်ငန်းများပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ရထားလမ်းမှာ ပေကျင်းမြို့နှင့် Xiongan မြို့သစ်အကြား ချိတ်ဆက်ပြေးဆွဲမည့်ရထားလမ်းပိုင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်သွားလာရေးအချက်အချာကျသည့်နေရာတစ်ခုအဖြစ် ရထားလမ်းများ၊ အဝေးပြေးလမ်းများ၊ အမြန်ရထား လမ်းများက လေဆိပ်ကြီးတွင် ပေါင်းစုံ ပါဝင်မှာဖြစ်ပါတယ်။ ပေကျင်းမြို့ထဲနဲ့ လေဆိပ်သစ်ကြီးအကြား ဆက်သွယ် သွားလာနိုင်မယ့် ရထားလမ်းကတော့ အဓိက အသုံးပြုနိုင်ဖို့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်နေပါတယ် ဟု ပေကျင်း ရထားလမ်းကြီးကြပ်ရေးဋ္ဌာနမှ Duo Shengqi က မီဒီယာများကိုပြောကြားခဲ့သည်။

Xiongan မြို့သစ်သည် ပေကျင်းမြို့မှ အနောက်တောင်ဘက် ကီလိုမီတာ ၁ဝဝ အကွာအဝေးတွင်တည်ရှိသည့် စီးပွားရေးမြို့သစ်တစ်မြို့ဖြစ်ပြီး ယခုလေဆိပ်ရထားလမ်းပြီးစီးပါက ပေကျင်းမြို့နှင့် Xiongan မြို့သစ်တို့အကြား မိနစ် ၃ဝ အတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.