Videos
ပျက်ကျသွားသော တရုတ်လေယာဉ်၏ အင်ဂျင်အပျက်အစီးအပိုင်းအစများ (ရုပ်သံ)
ကွမ်ရှီး၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုသီတင်းပတ် အစောပိုင်းက ပျက်ကျသွားခဲ့သော ခရီးသည်တင်လေယာဉ်မှ အင်ဂျင်အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လူပေါင်း ၁၃၂ ဦးလိုက်ပါလာခဲ့သည့် တရုတ်နိုင်ငံ အရှေ့ပိုင်း လေကြောင်းလိုင်းမှ ပြန်လည်တွေ့ရှိထားသော black box အား မတ် ၂၃ ရက် ညပိုင်းက ပေကျင်းမြို့ရှိ အချက်ပြစနစ်အဓိပ္ပါယ်ဖော်သည့် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အချက်အလက်များ ဒေါင်းလုတ်ပြုလုပ်ခြင်း (downloading) နှင့် လေ့လာဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောခဲ့သည်။မိုးရွာသွန်းခြင်းကြောင့် ရေဖုံးလွှမ်း မှုများနှင့် မြေပြိုကျမှုအန္တရာယ် ကြားမှကယ်ဆယ်ရေးသမားများသည်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအားဆက်လက်လုပ်ဆောင်နေကြသည်။
လေယာဉ်ပျက်ကျရာ ပင်မနေရာတွင် ကယ်ဆယ်ရေးယာဉ်ကြီးများနှင့် စက်ယန္တရားကြီးများဖြင့် ရှာဖွေကယ်ဆယ်ရေးကိုအပူတပြင်းလုပ်ဆောင်လျက်ရှိသည်။
“ကျွန်တော်တို့အခု လေယာဉ်ပျက်ကျတဲ့ နေရာအလယ်ဗဟိုကိုရောက်နေတာပါ။ ကျွန်တော့်ရဲ့ ဘယ်ဘက်မှာ လေယာဉ်ပျက်ကျမှုကြောင့်တွင်းအနက်ကြီးတစ်တွင်းဖြစ်နေတာကိုတွေ့နိုင်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က လေယာဉ်ရဲ့အပျက်အစီးအစိတ်အပိုင်းတွေကိုဆွဲထုတ်ဖို့လုပ်ဆောင်နေတာကို ခင်ဗျားတို့ကင်မရာကတစ်ဆင့်ကြည့်နိုင်ပါတယ် ။ နောက်ပြီးတောင်ပေါ်မှာလည်းကယ်ဆယ်ရေးအဖွဲ့တွေက (ဒုတိယမြောက်) ဘလက်ဘောက်စ် ကို ရှာဖွေနေပြီး အပျက်အစီးတွေကိုဖယ်ရှားနေတာကို ကင်မရာကတစ်ဆင့်မြင်တွေ့ရမှာဖြစ်ပါတယ်”
လေယာဉ်ပျက်ကျပြီးနောက် China Eastern Airlines နှင့် ၎င်း၏လုပ်ငန်းခွဲများက ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ် ၂၂၃ စင်းအား ပျံသန်းခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
လေယာဉ်များအားလုံးအမြင့်ဆုံး ဘေးကင်းရေးစံချိန်စံနှုန်းများနှင့်အညီ စစ်ဆေးမှုနှင့် ပြန်လည်ထိန်းသိမ်းပြင်ဆင်မှု လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။
China Eastern Airlines လေကြောင်း၏ ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်သည် ကွမ်ရှီးရှိ ဝူကျိုးမြို့၊ ထိန်ရှန့်ခရိုင်ရှိ ကျေးရွာတစ်ခု သို့ ပျက်ကျရာနေရာ၌ မတ် ၂၃ ရက် ညနေပိုင်းမှစကာမိုးအဆက်မပြတ်ရွာသွန်းလျက်ရှိသည်။
မတ် ၂၄ ရက် မနက် ၁၁ နာရီ အချိန်တွင် ကယ်ဆယ်ရေးသမားများက မြေပြိုမှုအပျက်အစီးများကို ရှင်းလင်းမှုပြီးစီးခဲ့သော်လည်း မိုးရွာသွန်းခဲ့မှုကြောင့်ရွှံ့မြေများအတွင်း သွားလာရန်ခက်ခဲနေဆဲဖြစ်သည်။ ၎င်းတို့သည် ဝါးများကို မြေပေါ်တွင်ခင်းကာကယ်ဆယ်ရေးကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဆင်ဟွာသတင်းထောက်များက တရုတ်နိုင်ငံ နန်နင်းမြို့မှသတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
China plane crash latest: engine wreckage pieces recovered, searching work continues
Pieces of engine wreckage of the passenger plane that crashed in south China’s Guangxi Zhuang Autonomous Region earlier this week have been found, an official told a press briefing on Thursday.
The recovered black box of the crashed plane of China Eastern Airlines with 132 people aboard was sent to a decoding laboratory in Beijing Wednesday night and the data downloading and analysis work is underway, according to an aviation official at the press briefing.
Rescuers have been braving the rain to clear landslide debris and waterlogging while continuing the search and rescue work at the site.
In the core area of the accident site, excavators and other equipment are busy working.
STANDUP 1 (English): WANG JIAWEI, Xinhua correspondent
“We have entered the center part of the crash site. You can see beside my left, there’s a deep pit which was made by the crashed plane. You can see, follow our camera, the rescue team is working to pull out the wreckage of the plane. Follow the camera, on the mountain, all the rescue teams are working on to find out where is the (second) black box and try to get all the wreckage.”
China Eastern Airlines and its subsidiaries have temporarily grounded 223 Boeing 737-800 aircraft.
All grounded aircraft are undergoing checks and maintenance according to the highest safety standard.
It has been raining continuously since Wednesday evening at the crash site of the China Eastern Airlines Boeing 737 aircraft in a mountainous area of Tengxian County, Guangxi.
By 11 a.m. Thursday, rescuers had cleared landslide debris, but the rain-soaked soil continued to make travel on foot difficult. They have laid bamboo frames on the ground to facilitate the rescue work.
Xinhua News Agency correspondents reporting from Nanning, China.