Videos
ပြင်သစ်လူမျိုး ကြိုးတန်းလမ်းလျှောက်သူ အမြန်ဆုံး ကြိုးတန်းလမ်းလျှောက်နိုင်သူအဖြစ် ဂင်းနစ်စံချိန်တင်
ချန်ဒူး၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ)
ပြင်သစ်လူမျိုး ကြိုးတန်းလမ်းလျှောက်သူ လူးကပ်စ် မီလီယတ် သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချန်ဒူးရှိ တောင်ကြား မီတာ ၁ဝဝ အကွာအဝေးကို ၁ မိနစ် ၅၉ စက္ကန့် အကြာ ကြိုးတန်းလမ်းလျှောက်ကာ အမြန်ဆုံး ကြိုးတန်းလမ်းလျှောက်နိုင်သူအဖြစ် ဂင်းနစ်စံချိန်ချိုးနိုင် ခဲ့ကြောင်းသိရသည်။
မြေပြင်မှ မီတာ ၁၅ဝ အမြင့်တွင် ၂၅ စင်တီမီတာလုံးပတ်ရှိသည့် ကြိုးကို အသုံးပြုပြီး Luohaigou တောင်ကြားကို ဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။ မီလီယတ် သည် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ရန် ကြိုးပမ်းရာတွင် ဒုတိယအကြိမ်မြောက်ကြိုးပမ်းအောင်မြင်ခဲ့သူလည်းဖြစ်သည်။
၎င်း၏ကြိုးပမ်းမှုကို ဂင်းနစ်စံချိန်မှတ်တမ်းရေးဆွဲရေးအဖွဲ့မှ တာဝန်ရှိသူက သက်သေပြုပြီး ဂင်းနစ်စံချိန်တင်မှတ်တမ်းဝင်ခဲ့ကြောင်းကြေညာခဲ့သည်။ (Xinhua)