Connect with us

Videos

ပြည်ထောင်စုလွှတ်တော်နာယကထံ ဒုတိယသမ္မတ အဖြစ် ရွေးချယ်ခံရသည့် ဦးဝင်းမြင့် အမည်စာရင်း တင်ပြမည်

နေပြည်တော် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယ သမ္မတ ဦးဝင်းမြင့်၏ အမည်အား ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

တာမွေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တို့အားဒုတိယ သမ္မတလောင်း အမည်စာရင်း တင်သွင်းရာဆန္ဒမဲပေးသူ ၃၀၄ ဦး အနက် ဦးဝင်းမြင့် သည် ၂၇၃ မဲ ရရှိခဲ့ပြီး ဦးသောင်းအေးသည် ၂၇ မဲ ရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့သောကြောင့် ဦးဝင်းမြင့်သည် ဆန္ဒမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူ ၃၂၃ ဦး အနက် ၃၀၄ ဦး တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.