Connect with us

Videos

ဖလော်ရီဒါပြည်နယ် ရှိ နိုက်ကလပ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၍ ၅၀ဦးသေ၊ ၅၃ဦး ဒဏ်ရာရရှိ

ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ရှိ လိင်တူချစ်သူ နိုက်ကလပ် တစ်ခု တွင် ဇွန်လ ၁၂ ရက်နေ့ နံနက်အစောပိုင်း က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ အယောက် ၅၀ သေဆုံးပြီး ၅၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့အာဏာပိုင်များက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ်သမားအား Pulse နိုက်ကလပ် အပြင်ဘက် တွင် သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း အော်လန်ဒို ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန်မီနာ က ပြောကြားခဲ့သည်။
အာဏာပိုင်များ က သေနတ်သမားသည် ဖလော်ရီဒါ ပြည်နယ် Port St.Lucie မြို့နေ အိုမာမာတင်း ဆိုသူ ဖြစ်ကြောင်း၊ သေနတ်သမားသည် အစွန်းရောက် စစ်သွေးကြွ အုပ်စု ဖြစ်သည့် IS အဖွဲ့၏ အတွေးအခေါ်များကို လက်ခံ ကျင့်သုံး သူ တစ်ဦး ဟု ထင်မြင်ယူဆ ထားကြောင်း၊ သေနတ်သမားသည် ကောင်းစွာဖွဲ့စည်း လေ့ကျင့်ထားသည့် ပုံစံရှိပြီး လူသေစေနိုင်သည့် လက်နက် တစ်ခု နှင့် သေနတ် တစ်လက် ကို ကိုင်ဆောင်ထားကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု ၌ ပြောကြားခဲ့သည်။
သေနတ်ပစ်ခတ်မှု သည် နိုက်ကလပ် အတွင်း၌ ဒေသစံတော်ချိန် နံနက် ၂နာရီတွင် ဖြစ်ပွားခဲ့ပြီး သေနတ်သမား သည် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ဓားစားခံများကို ခေါ်ဆောင်သွားကြောင်း ၊ရဲတပ်ဖွဲ့သည် ဓားစားခံများ အား ကယ်ဆယ်ရင်း သေနတ်သမားအား အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း မီနာကပြောသည်။
အမေရိကန် သမ္မတ အိုဘားမားက အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်းနှင့် သေနတ်သမား၏စိတ်တွင် အမုန်းတရားများ ပြည့်နှက်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.