Videos
မီးသတ်စွမ်းရည်ရှိသည့် အနံ့ခံခွေးများ
ရှန်တုံ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ်တွင် ကျောင်းသားပေါင်း ၆ဝဝ ကျော် ကို မီးသတ်စွမ်းရည်များတိုးတက်ကောင်းမွန်အောင် သင်တန်းကျောင်းတစ်ခုအတွင်း လေ့လာသင်ယူစေလျက်ရှိသည်။ ထိုသင်တန်းတွင် အနံ့ခံခွေးများကိုလည်းမွေးမြူလေ့ကျင့်ပေးလျက်ရှိ ပြီး ထိုခွေးများမှာ မီးငြှိမ်းသတ်သည့်လုပ်ငန်းစဉ်တွင် ပါဝင်နိုင်စေရန်လေ့ကျင့်ပေးထားသည့် အထူးခွေးများလည်းဖြစ်သည်။ ၎င်းတို့မှာ အမိန့်ကိုလည်း ကောင်းစွာနာခံတတ်သည့်အပြင် ပြင်းထန်သည့်အခြေနေများတွင် လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိသည်။ နွေရာသီကျောင်းပိတ်ရက်တွင်ကျောင်းသားကလေးငယ်များကို မီးဘေးကာကွယ်ရေးနှင့် မီးသတ်စွမ်းရည်ဆိုင်ရာသင်တန်းကို၅ရက်တာ သင်ကြားပေးခြင်းဖြစ်ပြီး အနံ့ခံခွေးများကလည်း ကလေးများနှင့်အတူ သင်တန်းအတွင်းကူညီခဲ့ကြောင်းသိရသည်။ (Xinhua)