Connect with us

Videos

မောင်းသူမဲ့ မြေအောက်ရထားများ မတ်လကုန်တွင် စမ်းသပ်ပြေးဆွဲမည်

ရှန်ဟိုင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ တွင် မောင်းသူမဲ့ မြေအောက်ရထားများ ပြေးဆွဲမည့် မြို့ပတ်ရထားလမ်းသစ်အား မတ်လကုန်တွင် စမ်းသပ်မောင်းနှင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း Shanghai Shentong Metro အုပ်စု က ကြေညာခဲ့သည်။

ရထားလမ်းအရှည်၆.၇ကီလိုမီတာ ရှိသော APM (Automated People Mover system) ရထားလိုင်းသည် Huizhen လမ်း နှင့် ခရီးသည်များ လိုင်းနံပါတ် ၈သို့ ကူးပြောင်းနိုင်သည့် Shendu အဝေးပြေးဂိတ်ကို ဆက်သွယ်ပေးထားပြီး ၎င်းတွင် ဘူတာရုံ ၆ခုပါရှိကြောင်း သိရသည်။

အလေးချိန်ပေ့ါပါးစေရန် ရေးဆွဲထားသော ပုံစံဒီဇိုင်း နှင့် မှတ်ဉာဏ်မြင့်စွမ်းအင်စီမံခန့်ခွဲမှုစနစ် တို့ကို အသုံးပြုထားသော မောင်းသူမဲ့ ရထားများသည် အခြား ပုံမှန်ရထားများနှင့် နှိုင်းယှဉ်ပါက စွမ်းအင်သုံးစွဲမှု နည်းပါးကြောင်း သိရသည်။

APM စနစ်အား ကမ္ဘာအနှံ့အပြားတွင် ကျယ်ပြန့်စွာ အသုံးပြုနေပြီး ပေကျင်း နှင့် ကွမ်ကျိုးတွင် မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။လက်ရှိ၌ ရှန်ဟိုင်းမြို့တွင် ကမ္ဘာ့အရှည်ဆုံး ရထားလမ်းကွန်ရက် အဖြစ် ၆၆၆ကီလိုမီတာ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.