Videos
မောင်းသူမဲ့ အီလက်ထရောနစ်ဘတ်စ်ကား စမ်းသပ်ထုတ်လုပ်
ဟူနန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် မောင်းသူမဲ့ အီလက်ထရောနစ်ဘတ်စ်ကား ကို CRRC ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်လိုက်ပြီဖြစ်သည်။ ၎င်းမှာ ၁၂ မီတာအရှည်ရှိပြီး ခုံပေါင်း ၈ဝ ခန့်ပါဝင် ကာ တစ်နာရီလျင် ၄ဝ ကီလိုမီတာမောင်းနှင်နိုင်ပြီး အားပြန်သွင်းကာ မောင်းနှင်နိုင်မည်ဖြစ်သည်။
၎င်းတွင် T Power ဟု အမည်ရသည့် စမတ်ဦးနှောက် ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်။၎င်းက 5th Integrated Control System ကို အသုံးပြုထား သောကြောင့် မောင်းနှင်ခြင်း နှင့် အားပြန်သွင်းခြင်း တို့အား လူ၏ အကူအညီတစ်ခုမှမပါဘဲ ဘတ်စ်ကားမှ အလိုအလျောက်ပြုလုပ်မည်ဖြစ်သည်။
လမ်းကြောင်းအခြေအနေပေါ်မူတည်ကာ bus ကားမှာ အရှိန်တင်ခြင်း ဘရိတ်သုံးခြင်းများကိုလိုသလိုဆုံးဖြတ် မောင်းနှင်မည်ဖြစ်သည်။ ထို မောင်းသူမဲ့ အီလက်ထရောနစ်ဘတ်စ်ကားထုတ်လုပ်သည့် Hunan CRRC Times Electric Vehicle company က အဆိုပါ ဘတ်စ်ကားများကို စမ်းသပ်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ ဈေးကွက်အတွင်းမကြာမီဖြန့်ချီနိုင်မည်ဟုသိရသည်။(Xinhua)