Connect with us

Videos

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၅၆သန်းကျော် တန်ဖိုး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၅၆သန်းကျော် တန်ဖိုးကို ယနေ့ ကျရောက်သော (၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်းမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးသည် မြန်မာကျပ်ငွေ ၂၃၃၈၉ ဒသမ ၁၉သန်း ကျော်ရှိပြီး အမေရိကန်ဒေါ်လာ တန်ဖိုး ၁၉ဒသမ ၇၀သန်းကျော် ရှိကာ ယနေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။
ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ အမြန်လမ်း ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး ၁၆မျိုးကို မီးရှို့ဖျက်ဆီးကြောင်းသိရသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှု သည် ၂၆နှစ်တိုင်ပြီဖြစ်ပြီး ယခုနှစ်တွင် မီးရှို့ဖျက်ဆီး သည့် မူးယစ်ဆေး တန်ဖိုးသည် ကျပ်ငွေ ၆၆,၇၃၂သန်းကျော် (အမေရိကန်ဒေါ်လာ ၅၆ဒသမ ၃၁သန်း) တန်ဖိုး ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.