Connect with us

Videos

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ (မျိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်)ကြောင့် သေဆုံးသူ ၁ ဦးရှိပြီဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လတ်တလော COVID-19 မျိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ကူးစက်ခံရမှု တစ်ဖန်များပြားလာခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် COVID-19 ရောဂါ (မျိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်)ကြောင့် သေဆုံးသူ ၁ ဦးရှိပြီဖြစ်သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၁၉,၃၁၁ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၅၈၆ ဦး တွေ့ရှိ ခဲ့ရာ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၆.၆၄ ရာခိုင်နှုန်း ရှိသည်။
COVID-19 ရောဂါ (မျိုးဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်) ရောဂါ ကာကွယ်ရေးအခြေခံစည်းမျဉ်းများ အား တိကျစွာလိုက်နာ နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.