Connect with us

Videos

ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ တွင် ပန်ဒါ အမွှာပူး မွေးဖွား

ချန်ဒူး၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာပေါ်တွင် ၂၀၁၆ ခုနှစ် အတွင်း ပထမဆုံး ပန်ဒါ အမွှာပူး မွေးဖွားခြင်း အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးမြို့ တွင် ဇွန်လ ၂၀ ရက် က မွေးဖွား ခဲ့ ကြောင်း အချက်အလက်များ အရ သိရသည်။ ပန်ဒါကြီး မျိုးပွားမှု ဆိုင်ရာ ချန်ဒူး သုတေသန အခြေစိုက်ရုံး၌ ရာလိ အမည်ရှိ ပန်ဒါမကြီးသည် ဒေသစံတော်ချိန် နံနက် ၅း၅၂ နာရီတွင် ပထမ ပန်ဒါလေး အား မွေးဖွားခဲ့ပြီး နောက် ၁၀ မိနစ် အကြာတွင် ဒုတိယ ပန်ဒါလေးအား ထပ်မံ မွေးဖွားခဲ့သည်။ ပန်ဒါပေါက် နှစ်ကောင်စလုံးသည် အမလေးများ ဖြစ်ပြီး အလေးချိန်အားဖြင့် ၁၄၄ ဂရမ် နှင့် ၁၁၃ ဂရမ် အသီးသီး ရှိကြကြောင်း သိရသည်။ ရာလိ အား ၂၀၀၉ ခုနှစ် ဇူလိုင်လ တွင် အမွှာညီအမ ဖြစ်သူ ဝန်လိ နှင့် အတူ မွေးဖွားခဲ့ပြီး ၎င်းတို့အောက် မွေးချင်း ပန်ဒါ အမ တစ်ကောင် နှင့် အထီးတစ်ကောင် ရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.