Videos
ယာဉ်ထိန်းရဲတစ်ဦးက ရေကြီးနေသည်ကို ဖြတ်သန်းကူးခတ်ကာ စာသင်ကျောင်း ဘေးကင်းရေး စစ်ဆေး
ထုန်းလျင်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ထုန်းလျင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလယ်တန်းကျောင်းတစ်ကျောင်း ရေလွှမ်းမိုးသွားခဲ့သည်။
အဆိုပါ ကျောင်းအတွင်း ကျောင်းသားများ ကျန်ရှိမနေစေရန် ယာဉ်ထိန်းရဲတစ်ဦးက တစ်မီတာအနက်ခန့် ဖုံးလွှမ်းလျက်ရှိသော ရေပြင်ကိုဖြတ်သန်းကူးခတ်ကာ သွားရောက်စစ်ဆေးခဲ့သည်ကို အောက်ပါဗီဒီယို၌ ကြည့်ရှုနိုင်ပါသည်။
တရုတ်နိုင်ငံတစ်ဝန်း မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့် မိုးသက်မုန်တိုင်းဆိုင်ရာ အဝါရောင်သတိပေးချက်ကို ဇူလိုင် ၁၀ ရက်၌ ပြင်ဆင်သတ်မှတ်ခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ နေရာအတော်များများ၌ ဇွန်လကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယင်းဒေသများရှိ မြစ်များစွာ၏ မြစ်ရေမှာလည်း သတိပေးချက်အဆင့်ထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။ (Xinhua)