Videos
ယီမင်နိုင်ငံမြို့တော် ဆန်နာ တွင် ကန္တာရ ကျိုင်းကောင်များအန္တရာယ်ကျရောက်လျှက်ရှိ
ဆန်နာ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)
ယီမင်နိုင်ငံ မြို့တော် ဆန်နာတွင် ကန္တာရ ကျိုင်းကောင်များက ကောက်ပဲသီးနှံများကို ဝင်ရောက် ဖျက်ဆီး လျှက်ရှိရာ နိုင်ငံအတွင်း စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့်အခြေအနေကို ပိုမိုဆိုးဝါးလာစေခဲ့သည်။ ပိုးသတ်ဆေးများနှင့် ပစ္စည်းကိရိယာများ လုံလောက်မှုမရှိခြင်းနှင့်အတူ စစ်ဘေးကြောင့် ရန်ပုံငွေချို့နေသော ယီမင်နိုင်ငံသည် ကောင်ရေ ကုဋေချီရှိနေသည့် ကန္တာရကျိုင်းကောင်အုပ်အား ထိန်းချုပ်ရန်ခက်ခဲသည့်အခြေအနေဖြစ်လာခဲ့သည်။
စစ်ဘေးသင့် အာရပ်နိုင်ငံများအနက် ယီမင်နိုင်ငံ၏ အဓိက ဝင်ငွေအရင်းအမြစ်မှာ စိုက်ပျိုးရေးကဏ္ဍမှ ရရှိခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာရှားပါးမှုဘေးဖြင့်ကြုံတွေ့ရင်ဆိုင်နေရပြီဖြစ်သည်။ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO ကလည်း ကန္တာရ ကျိုင်းကောင်များ၏ အန္တရာယ်သည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် ယီမင်နိုင်ငံအပေါ်တွင် ကျရောက်လျှက်ရှိကြောင်းဆိုသည်။ FAO ၏ အဆိုအရ ပိုးကောင်အုပ်စု အသေးစားတစ်ခုကပင် တစ်ရက်လျှင် လူပေါင်း၃၅,၀၀၀အား ကျွေးမွေးနိုင်သည့် ကောက်ပဲသီးနှံပမာဏကို စားသောက်ဖျက်ဆီးနိုင်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်ကလည်း ယီမင်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကျိုင်းကောင်များအန္တရာယ်အား ထိန်းချုပ်နိုင်ရန် ကူညီထောက်ပံ့မည်ဟု ဇွန်လက ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်းကတည်းက ယီမင်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ဒဏ်ကြောင့် လူပေါင်း သန်း ၂၀ ကျော် အငတ်ဘေးသင့်ခဲ့သည်။ (Xinhua)