Connect with us

Videos

ယူနန် ဒေသ၏ အလင်းဆောင်ကျဉ်းသူများ

ယူနန်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

လျှပ်စစ်ဓါတ်အား ၅ဝဝ ကီလိုဗို့ မှာ သံသတ္တုများကိုပင် စက္ကန့်ပိုင်းအတွင်းအရည်ပျော်နိုင်လောက်သည့် လျှပ်စစ်ပမာဏဖြစ်သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဗို့အားမြင့် လျှပ်စစ် ဓါတ်အားလိုင်းများပေါ်သို့ လျှပ်စစ်ဝန်ထမ်းများက သက်စွန့်ဆံဖျားတက်ရောက်ကာ ပုံမှန် လျှပ်စစ် ပို့လွှတ်နိုင် ရန် ပုံမှန်စစ်ဆေးပြင်ဆင်ရသည်။ ဝန်ထမ်းများမှာ လျှပ်စစ်ဓါတ်အားများပို့လွှတ်နေသည့် လျှပ်စစ်စီးဝင်နေသည့် ကြိုးများ အကြားတွင် ဓါတ်လိုက်မှုမရှိစေရန် အထူးရှောင်ရှားကာ ကြိုးများဖြင့် တက်ရောက်ဆင်းသက်ကြရခြင်း ဖြစ်သည်။ မီတာ ၆ဝဝ ခန့်အမြင့်ရှိသည့် လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်များပေါ်သို့တက်ရောက်ရာတွင် ရာသီဥတုဒါဏ်၊ အင်းဆက်ပိုးမွှားများ၏ ဒါဏ်များကိုလည်း အံတုကာ တာဝါတိုင်များပေါ်မှ ပြုတ်မကျစေရေးအထူးသတိထားတက်ရောက်ရသည့် လျှပ်စစ်ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ၎င်းတို့ကို ယူနန် ဒေသ၏ အလင်းဆောင်ကျဉ်းသူများဟု တင်စားခေါ်ဝေါ်နိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.