Connect with us

Videos

ရှားပါး နှလုံးကျွံရောဂါသည် ကလေးငယ်ကို ဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

ချုံချင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဆရာဝန်များသည် အသက်ရှင်ရန် ခက်ခဲသော ရင်ဘတ် အပြင်ဘက်တွင် နှလုံးအစိတ်အပိုင်းတချို့ရောက်နေသည့် အသက် ၁၁၂ ရက်သား ယောင်္ကျားလေးအား အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း သိရသည်။
ရှန်ရှီးပြည်နယ်၊ ရှန်းယန်မြို့က အန်းအန်း အမည်ရှိ ၁၁၂ ရက်သား ကလေးငယ်သည် ကလေးငယ် တစ်သန်း တွင် တစ်ဦးသာ ဖြစ်ပွားနိုင်သည့် Pentalogy of Cantrell ဟု လူသိများသော မွေးရာပါ ရင်ဘတ်အပြင် ဘက်သို့ နှလုံးကျွံရောဂါကို ခံစားနေရသူ ဖြစ်သည်။ ၎င်းအား ခွဲစိတ်ကုသမှု ခံယူရန် ချုံချင်း ဆေးတက္ကသိုလ်ရှိ ကလေးဆေးရုံသို့ ဇွန်လ ၂၁ ရက်၌ လွှဲပြောင်းခဲ့သည်။
နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဝူချွန်းက ကလေးငယ်၏ ရင်ဘတ်အတွင်း တိုက်တေနီယံဖြင့် ပြုလုပ်ထား သည့် နှလုံးနေရာ တစ်ခုအား ဖန်တီးပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.