Connect with us

Videos

လူပေါင်း ၁ထောင်ကျော် ကို တင်ဆောင်နိုင်သည့် နည်းပညာသစ် ဘတ်စ်ကားပုံစံမကြာမီထွက်ပေါ်လာတော့မည်

ဟူပေ၊ မေ ၂၄ ရက် (ဆင်ဟွာ)
မေလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက်တရုတ်ပေကျင်း အပြည်ပြည်ဆိုင်ရာ အဆင့်မြင့် နည်းပညာပြပွဲ တွင် Transit Elevated Bus (TEB) ရွှေ့ပြောင်းစီးနင်းနိုင်သည့် ဘတ်စ်ကားပုံစံသစ်ကို ထုတ်ဖော်ပြသခဲ့သည်။ TEB ဘတ်စ်ကားများအား တရုတ်နိုင်ငံက တီထွင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များအနေဖြင့် အဆိုပါယာဉ်များကိုစီးနင်းရာတွင် ပုံမှန်ဖြတ်သန်းသွားလာသောယာဉ်များ၏ အပေါ်စီးမှ လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။ ယာဉ်သွားလမ်းနေရာများပိုမို ကျယ်ပြန့်စွာအသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်လုပ်ဖန်တီးထားခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင် လူပေါင်း၁၄ဝဝ ကျော် ကို သယ်ဆောင်သွားနိုင်မည်ဖြစ်၍ မြေအောက်ရထား ၏ လုပ်ဆောင်ပုံနှင့် ဆင်တူကာ တစ်နာရီကို အမြန်နှုန်း ၆ဝ ကီလိုမီတာဖြင့်သွားလာနိုင်သည်။ မြေအောက်ရထား တည်ဆောက်သည့် ကုန်ကျစရိတ်ထက် TEB ကားများတည်ဆောက်ခြင်းက ၁၆ ရာခိုင်နှုန်းသက်သာပြီး တည်ဆောက်ချိန် ၁ နှစ်သာ အချိန်ပေးရမည်ဖြစ် ကာ တရုတ်ပြည်၏ လေထုညစ်ညမ်းမှုနှင့် ယာဉ်ကြော ပိတ်ဆို့မှု တို့ ကိုပါလျှော့ချပေးနိုင်မည်ဖြစ်သည်။
ကားမောင်းနှင်နေသည်ဖြစ်စေ ရပ်တန့်ထားသည်ဖြစ်စေ ကားများနှင့် ၂ မီတာ အကွာ အမြင့်တွင် ရှိသောကြောင့် လမ်းပေါ်တွင်သွားလာနေသည့် ကားများနှင့်ထိခိုက်မည်ကိုစိုးရိမ်ရန်မရှိပေ။ ကား၂စီး အပြိုင်သွားလာနိုင်ပြီး ဘတ်စ်ကားပေါင်း အစီး၄ဝခန့် ကို အစားထိုးနိုင်မည်ဖြစ်သည်။ လောင်စာဆီကိုလည်း တန် ၈ဝဝ ခန့်အထိ ချွေတာနိုင်မည်ြ့ဖစ်ကာ ကာဗွန်ထုတ်လွှွတ်မှု၂၄၈ဝ တန်ကို လျှော့ချပေးနိုင်မည်ဟု သိရသည်။
ကုမ္ပဏီအနေဖြင့် နမူနာပုံစံကိုသာ ပြသထားခြင်းဖြစ်ပြီး အမှန်တကယ်ပြေးဆွဲမည့် ကားများကို တည်ဆောက် နေပြီဖြစ်ကာ တရုတ်နိုင်ငံမြောက်ပိုင်း ဟူပေခရိုင် ချင်းဝှမ်းတောင်မြို့တွင် ဇူလိုင်လကုန် (သို့မဟုတ်) သြဂုတ်လ တို့တွင် စမ်းသပ်မောင်းနှင်မည်ဖြစ်သည်။
၂ဝ၁ဝ ခုနှစ်ကတည်းက ရှန်ဇန်းအခြေစိုက် Shenzhen Huashi Future Parking Equipment Co., Ltd က အဆိုပါ နည်းပညာ ကိုပထမဆုံးအကြိမ်အဖြစ်ထုတ်ဖော် ပြသခဲ့ပြီး ယခုအကြိမ်မှာ အသစ်ပြုပြင်ထားသည့်ပုံစံ ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.