Videos
လူမည်းအမျိုးသားသေဆုံးမှုအပေါ် တရားမျှတမှုရရှိရေး ဆန္ဒပြနေကြသည့် နယူးယောက်မြို့ခံပြည်သူများ
နယူးယောက်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား တစ်ဦး သေဆုံးခဲ့ရမှုအပေါ် တရားမျှတမှုရရှိရေးအတွက် အမေရိကန်ပြည်သူတစ်ရပ်လုံးက ဆက်တိုက်ဆိုသလို ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။
ထောင်ပေါင်းများစွာသော နယူးယောက်မြို့သားများသည် စနေနေ့မွန်းလွဲပိုင်းမှ စတင်ကာ နေရာငါးခုတွင် စုဝေးကြပြီး လူမဆန်သောရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း နှင့် ရဲတပ်ဖွဲ့ နှင့် ဆန္ဒပြသူများအကြား ထိပ်တန်းတွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် အဓိကရုဏ်းအသွင်သို့ ပြောင်းလဲရောက်ရှိသွားကြောင်း သိရသည်။
မေ ၃၁ ရက်တွင် လူပေါင်း ၃၄ဝ ကျော်အဖမ်းခံခဲ့ရကြောင်း ၊ ရှေ့သုံးရက်တာ ကာလအတွင်း ဖမ်းဆီးခံရသူစုစုပေါင်း ၆၀၀ ဦးထိရှိလာခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း NBC4 သတင်းက ဆိုသည်။ နယူးယောက်မြို့နေပြည်သူများ၏ ဆန္ဒပြပွဲပုံရိပ်များကို အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။ (Xinhua)