Connect with us

Videos

လူရွှင်တော်စက်ရုပ်က မနက်ခင်းတိုင်းမှာ ဟာသများကို ပြောပြမည်

တိုကျို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
တာကာရာ တော်မီက ထုတ်လုပ်သည့် ဘာကူ ရှိုတာရိုးအမည်ရ နာရီစက်ရုပ် သည် ဝယ်ယူသူများအတွက် ဟာသပေါင်းများစွာကို ပြောပြပေးမည်ဟုသိရသည်။
နှိုးစက် နာရီ ပါဝင်သည့် ဘာကူ ရှိုတာရိုး စက်ရုပ်သည် ဝယ်ယူထားသူများကို မနက်ခင်းတိုင်းတွင် ဟာသများပြောပြခြင်းဖြင့်အိပ်ရာက နိုးထစေမည်ဖြစ်သည်။ အခြားနှိုးစက်နာရီများ ကဲ့သို့ ကျယ်လောင်သည့် ဂီတသံ ထွက်ပေါ်လာမည်မဟုတ်ဘဲ ဟာသဖြင့်သာ ရီမော နိုးထစေမည်ဟုသိရသည်။
ကုမ္ပဏီ၏အဆိုအရ ဝယ်သူအနေဖြင့် စက်ရုပ်ကိုတစ်ကြိမ်ဝယ်ယူထားပါက စက်ရုပ် က ဟာသများကို ၂ဝ၂ဝ ခုနှစ်အထိ တစ်နေ့တစ်ပုဒ်နှုန်းဖြင့် ပြောပြပေးနိုင်စေရန်အတွက် ဟာသပေါင်း ၁၃ဝဝ ကျော်ကို ထည့်သွင်းပေးထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.