Connect with us

Videos

လျှပ်စစ်ဓါတ်အား ၁၂ ဂစ်ဂါဝပ် ထုတ်လုပ်ပေးမည့်မဟာဓါတ်အားလိုင်းကြီးတရုတ်တွင်တည်ဆောက်ပြီးစီး

အန်ဟွေး၊ ဧပြီ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအန်းဟွေးပြည်နယ် ဝူဝေးမြို့တွင် ဗို့အားမြင့်မဟာဓါတ်အားလိုင်းကြီးကို တည်ဆောက် ပြီးစီးပြီဖြစ်သည်။ ယန်စီမြစ်ပေါ်တွင်ဖြတ်သန်းသွယ်တန်းထားသော ထို ဓါတ်အားလိုင်း များမှာ ၃၃၂၄ ကီလိုမီတာရှည်လျားပြီး တရုတ်နိုင်ငံအရှေ့ပိုင်းအန်ဟွေးပြည်နယ်နှင့် အနောက်မြောက်ပိုင်း ရှန်းကျန့်ပြည်နယ်တို့ကို ချိတ်ဆက်သွယ်တန်းထားသည်။

ထို့ကြောင့် ပြည်နယ် ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို ဓါတ်အားပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။ ထို မဟာဓါတ်အားလိုင်းကြီးကိုတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ၆.၅ ဘီလီယံရှိပြီး ၎င်းမှ လျှပ်စစ်ဓါတ်အား ၁၂ ဂစ်ဂါဝပ်ကို ထုတ်လုပ် ပေးမည်ဟုသိရသည်။ ၎င်းမဟာဓါတ်အားလိုင်းက တရုတ်နိုင်ငံ၏ သယံဇာတ ကြွယ်ဝသောအနောက်ပိုင်းမှ လျှပ်စစ်စွမ်းအင်လိုအပ်နေသည့်အရှေ့ပိုင်းသို့လျှပ်စစ်ဓါတ်အားလွှဲပြောင်းပို့ဆောင်ပေးနိုင်တော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.