Videos
လှေခါးအတက်အဆင်းလုပ်နိုင်သည့် ပိုးသတ်ဆေးဖြန်းစက်ရုပ်
ဟဲဖေး၊ မတ် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဟဲဖေးပြည်နယ် ရှိ သိပ္ပံဥယျာဉ်ထဲတွင် ပိုးသတ်ဆေးဖြန်းစက်ရုပ်တစ်ရုပ်ကိုအသုံးပြုကာ ပိုးသတ်ဆေးဖြန်းခဲ့ကြသည်။ စက်ရုပ်အသုံးပြု၍ပိုးသတ်ဆေးဖြန်းခြင်းအားဖြင့် ပိုးမွှားကူးစက်မှုနှုန်း လျှော့ချနိုင်ကာကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက်လည်းထိရောက်မှုတိုးမြင့်နိုင်သည်။ ထိုစက်ရုပ်မှာ လှေခါးအတက်အဆင်းလုပ်နိုင်ပြီး တစ်ကြိမ်ဆေးဖြည့်ပြီးတိုင်း အကျယ်အဝန်း စတုရန်းမီတာ ၅၀၀၀ ပတ်လည်ဧရိယာထိ ဖြန်းပက်နိုင်သည်။ (Xinhua)