Connect with us

Videos

ဝါးလုံး၂ လုံးကို အသုံးပြု၍မြစ်ကိုဖြတ်ကူးသူ

ဟန်ကျိုး၊ မေ ၂ဝ ရက် (ဆင်ဟွာ)

တရုတ်လူမျိုးတစ်ဦးသည် ဝါးလုံး၂ လုံးတည်းကို အသုံးပြု၍ မြစ်ကို ဖြတ်ကူးနိုင်ကြောင်းသိရသည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဖန်ရွှန်းယူ ဆိုသူသည် တရုတ်နိုင်ငံအရှေ့ပိုင်းဟန်ကျိုးမြို့တွင်နေထိုင်ကာ ဝါးလုံး၂ လုံးဖြင့် မြစ်ကိုဖြတ်ကူးနေသူဖြစ်သည်။

ဖန် က မြစ်ထဲကို ဝါးလုံးတစ်လုံးကို ချ ပြီး ဝါးလုံး၏ အလယ်နေရာလောက်ကို နင်းကာ နောက် ဝါးလုံးတစ်လုံးကို ဟန်ချက်ညီစေဖို့အတွက် ကိုင်ကာမြစ်အတွင်းသွားလာခြင်းဖြစ်သည်။ ဝါးလုံးများ၏ အရှည်မှာ ၈.၅ မီတာရှည်ပြီး အချင်းဝက်မှာ ၁၅ စင်တီမီတာ ရှိသည်။

လွန်ခဲ့သည့် ၂ နှစ်က ဖန်ဟာ အိမ်ကိုပြန်ရန် နောက်ဆုံးကားလွတ်သွားခဲ့သောကြောင့် မြစ်ကမ်းပါးတွင် မျောပါလာသော ဝါးလုံးများ ကို အသုံးပြုပြီးအိမ်ကိုပြန်ဖို့ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဖြတ်ကူး၍ မရခဲ့ချေ။ ထို့နောက်တွင် တော့ သူသည် မြစ်ကို ထိုသို့ ဝါးလုံးကို အသုံးပြုဖြတ်ကူးရန်စိတ်ဝင်စားလာခဲ့သည်။

၃ လတိတိ အကြိမ်ကြိမ်ကြိုးစား ပြီးနောက် ဖန်သည် ဝါးလုံးပေါ်တွင် အချိန် ကြာမြင့်စွာ ရပ်ကာ မြစ်အတွင်းဖြတ်ကူး နိုင်ပြီဖြစ်သည်။ ခြေထောက်တစ်ချောင်းနဲ့ တစ်ချောင်းနဲနဲခွါပြီးရပ်ထားရကြောင်း၊ နောက်ထပ်ဝါးလုံးတစ်လုံးကို ဟန်ချက်ညီရန် သုံးရကြောင်း ဖန်က ဆိုသည်။ ဖန်၏ စတန့်ထွင်မှုကို ဒေသခံ အချင်းချင်းကပင်အံံ့အားသင့်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.