Videos
ဝူဟန့်- လန်ဒန်(အမ်စတာဒမ်)-ဝူဟန့် နိုင်ငံတကာကုန်တင်လေယာဉ် ခရီးစဉ် တရားဝင်ပြန်လည်ဖွင့်လှစ်
ဝူဟန့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
လန်ဒန်မြို့မှ ပျံသန်းထွက်ခွါလာသည့် ဘိုးရင်း ၇၄၇ ကုန်တင်လေယာဉ်တစ်စင်းသည် ကုန်ပစ္စည်း ၄၇ တန် သယ်ဆောင်ကာ စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့သို့ ရောက်ရှိခဲ့သည်။
၎င်းသည် လန်ဒန် (အမ်စတာဒမ်) မှတစ်ဆင့် ဝူဟန့် သို့ရောက်ရှိလာသော နိုင်ငံတကာ ကုန်တင်လေယာဉ်တစ်စင်းဖြစ်ပြီး ဝူဟန့်နိုင်ငံတကာ လေဆိပ်အတွက် တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်တစ်ခုလည်းဖြစ်သည်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေယာဉ်များသည် ရက်တစ်ပတ်လျှင် ၃ ကြိမ်ပြေးဆွဲကာ စက်မှုထုတ်ကုန်ပစ္စည်းများကို အဓိက တင်သွင်းသွားမည်ဟုသိရသည်။
ဧပြီ ၈ ရက်ကတည်းက ပုံမှန် နိုင်ငံတကာ ကုန်တင်လေကြောင်းလိုင်း ၉ ခုဖြင့် ဝူဟန့် လေဆိပ်ကို ပြန်လည် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)