Videos
ဟေလုံကျန်းပြည်နယ်တွင် မြန်နှုန်းမြင့်ရထားလမ်းအတွက် ရထားသံလမ်းတပ်ဆင်သည့်စက်ကြီးများဖြင့် လမ်းကြောင်းချ တပ်ဆင်လျက်ရှိ
ဟေလုံကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ မူတန်ကျန်းမြို့ နှင့် ကျားမူဆီမြို့တို့ကို ချိတ်ဆက် ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းသစ်အတွက် ရထားသံလမ်းတပ်ဆင်သည့်စက်ကြီးများဖြင့် လမ်းကြောင်း ချထားတပ်ဆင်လျက်ရှိသည်။
အဆိုပါ ရထားလမ်းသစ် သည် တရုတ်နိုင်ငံ၏ မြောက်ဘက်စွန်းပိုင်းရှိ ရထားလမ်းတစ်ခုဖြစ်ပြီး အလွန်အေးသော ဒေသတွင် တည်ရှိသည်။ ရထားလမ်းသစ် မှာ ဟေလုံကျန်းပြည်နယ်အတွင်းတည်ရှိမည်ဖြစ်ပြီး ၃၇၀ ကီလိုမီတာ အရှည်ရှိကာ အမြန်နှုန်းအားဖြင့် တစ်နာရီလျင် ၂၅၀ ကီလိုမီတာ အထိသွားလာနိုင်မည်ဖြစ်သည်။
ရထားလမ်းကို ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ဖောက်လုပ်မည်ဖြစ်ပြီး ရထားလမ်းပြီးစီးပါက ဟေလုံကျန်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အဆင့်မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရသည်။ (Xinhua)