Videos
အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက်ဖြင့် ရထားလမ်းများကိုမြန်ဆန်စွာဖောက်လုပ်ပြီးစီးတော့မည်
ရှန်ဟိုင်း၊ မေ ၂ ရက်(ဆင်ဟွာ)
ရှန်ဟိုင်းမြေအောက်ရထားလမ်းပိုင်းသစ် ကို အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက်အသုံးပြုကာ ရထားလမ်းများမြန်ဆန်စွာဖောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။ အဆင့်မြင့်ရထားလမ်းထပ်ပိုးလွှာခင်းစက် တွင် တာရာ ၄စုံတပ်ဆင်ထားပြီး လမ်း၏မျက်နှာပြင်တိုင်းတွင် ထပ်ခင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ မြေအောက်ရထားလမ်းများကိုဖောက်လုပ်ရာတွင်လည်း ဥမင်လိုဏ်ခေါင်းအတွင်းအလွယ်တကူလှုပ်ရှား သွားလာနိုင်သည်။ ယခင်အသုံးပြုသည့်ထပ်ပိုးလွှာခင်းစက်မှာ တစ်ရက်လျင် ၃၃.၉ မီတာ အရှည်ခင်းနိုင်ပြီးယခု အသစ်မွမ်းမံထားသည့်စက်မှာ တစ်ရက်လျင်မီတာ ၅ဝ ခန့်အထိခင်းနိုင်သည်။ ထပ်ပိုးလွှာခင်းစက်အသစ်ကို အသုံးပြုသောကြောင့် ရှန်ဟိုင်းမြေအောက် ရထားလမ်းပိုင်းသစ်မှာ မေလလယ်တွင် ပြီးစီးတော့မည်ဖြစ်သည်။ (Xinhua)