Connect with us

Videos

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့တရုတ်ခရီးသွား ၂၀၁၆ ခုနှစ်အတွင်း ၁ သန်းကျော်ရှိ

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက် လည်ပတ်သော တရုတ်လူမျိုး ကမ္ဘာလှည့် ခရီးသွား အရေအတွက်မှာ ၂၀၁၆ ခုနှစ်အတွင်း ၁ သန်းကျော်အထိ ရောက်ရှိခဲ့သည်ဟု မြို့တော်ဝန် အဲရစ်ဂါဆက်တီ (Eric Garcetti) က ဟောလိဝုဒ်ရှိ ယူနီဗာဆယ်စတူဒီယိုမှာ ဇန်နဝါရီလ ၁၈ရက်နေ့က ကြေညာခဲ့သည်။ လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက်လည်ပတ်သူ တရုတ် ကမ္ဘာလှည့် ခရီးသွားမှာ ပြီးခဲ့သည့် ၇နှစ်အတွင်းနှစ်စဉ် ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိသည်ဟု မြို့တော်ဝန်က ပြောသည်။ ၂၀၁၆ ခုနှစ်အတွင်း လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၄၇.၃ သန်း ရှိခဲ့ပြီး အဆိုပါ ပမာဏက ပြီးခဲ့သည့် ၆ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.