Videos
အလိုအလျောက်သယ်ယူပို့ဆောင်ရေးစက်ရုပ် ၂၀၀ ကျော် ဖြင့် လည်ပတ်နေသည့်ကားထုတ်လုပ်ရေးစက်ရုံ
ထျန်းကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ FAW-Volkswagen မော်တော်ကားထုတ်လုပ်ရေးစက်ရုံတွင် အလိုအလျောက်သယ်ယူပို့ဆောင်ရေးစက်ရုပ် ၂၀၀ ကျော် ဖြင့် မော်တော်ယာဉ်ထုတ်လုပ်ရာတွင် အရေးပါသည့် အစိတ်အပိုင်းများကိုသယ်ယူပို့ဆောင်ပေးလျှက်ရှိသည်။ သေးငယ်သည့် ၎င်း အလိုအလျောက် သယ်ယူပို့ဆောင်ရေးစက်ရုပ်များမှာ အလေးချိန် ၂၅၀၀ ကီလိုဂရမ်ကိုသယ်ဆောင်နိုင်ပြီး သတ်မှတ်ထားသည့်နေရာသို့ အစိတ်အပိုင်းများကိုပို့ဆောင်ပေးနိုင်ကြောင်းသိရသည်။ (Xinhua)