Connect with us

Videos

အလုပ်သမားပေါင်း ၆ဝဝကျော်ဖြင့် အချိန် ၁ပတ် အတွင်း ရထားလမ်းအဆင့်မြှင့်တင်

ချုံကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံကျင်းပြည်နယ်တွင်ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အလုပ်သမားပေါင်း ၆ဝဝကျော်ဖြင့် အချိန် ၁ပတ် အတွင်း ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ ခရီးသွားများအနှောင့်အယှက်မဖြစ်စေရန် ညသန်းခေါင်အချိန်မှ မနက် ၄နာရီခွဲခန့်အထိသာ ဆောင်ရွက်ရသောကြောင့် အဖွဲ့ ၃ဖွဲ့ခွဲကာ ရထားလမ်းကို အပိုင်း ၄ပိုင်းပိုင်းပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ အပိုင်းတစ်ပိုင်းစီရှိ ရထားလမ်းများ၏ အလေးချိန်မှာ တန် ၂ဝဝကျော်စီရှိကြ ပြီး အချိန်တစ်ပါတ်အတွင်းပြီးစီးနိုင်ရန် လူအင်အားများစွာဖြင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.