Videos
အသက်ရှူရန် အခက်အခဲဖြစ်နေသော ကလေးငယ်ကို ရဲ အစောင့်အရှောက်ဖြင့် ဆေးရုံပို့ဆောင်ပေး
ချုံချင့် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကလေးငယ်တစ်ဦးသည် ရုတ်တရက်ဖျားနာပြီး ရံဖန်ရံခါ အသက်ရှူကြပ်ခြင်းဝေဒနာခံစားနေရသဖြင့် အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေ ကြုံတွေ့နေခဲ့သည်။ ၎င်း၏ မိဘများက ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု တစ်ခုဖြင့် ကြုံတွေ့ခဲ့ရသည်။ ယင်းအခြေအနေတွင် ယာဉ်ထိန်းရဲအရာရှိ တစ်ဦးသည် အဆိုပါ ကလေးငယ်အား ၇ မိနစ်အတွင်း ဆေးရုံသို့ရောက်ရှိအောင် ကူညီပို့ဆောင်ပေးခဲ့သဖြင့် ယခုအခါ ယင်းကလေးငယ်မှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း သိရသည်။ (Xinhua)