Videos
အသုံးပြုပြီးသားဟင်းချက်ဆီများကို biodiesel အဖြစ်ပြောင်းလဲ
အီဂျစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ )
အီဂျစ်နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကို ကာမိစေရန်အတွက် အသုံးပြု ပြီးသားဟင်းချက်ဆီများကို biodiesel ခေါ်ဇီဝဒီဇယ်ဆီ အဖြစ်ပြောင်းလဲနိုင်မည့် နည်းလမ်း ကို အီဂျစ်လူမျိုး အင်ဂျင်နီယာများက တီထွင် နိုင်ခဲ့ပြီဖြစ်သည်။ Tagaddod ဟု အမည်ပေးထားသည့် ပြန်လည်အသုံးပြုနိုင်မည့်စွမ်းအင်ဖေါ်ထုတ်ရေးလပ်ငန်းကို Nour El-Assalဆိုသူ အင်ဂျင်နီယာ တစ်ဦးက ဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အီဂျစ်လူမျိုးများသည် နှစ်စဉ် ဟင်းချက်ဆီ သန်းပေါင်းများစွာကို ချက်ပြုတ်ပြီးနောက် စွန့်ပစ်လျက်ရှိသည်။ ထို့ကြောင့် Assal နှင့် သူငယ်ချင်းများက အဆိုပါ စွန့်ပစ်ဆီများကို အသုံးဝင်သည့် အမွေအနှစ်များအဖြစ် ပြောင်းလဲနိုင်သည့် နည်းလမ်းကို တီထွင် ခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းမှတစ်ဆင့် ပြည်သူများ၏ အသုံးပြုပြီးသားဟင်းချက်ဆီများကို လိုက်လံစုဆောင်းကာbio diesel များထုတ်လုပ်မည်ဖြစ်ပြီး တစ်ခါသုံးပြီးဟင်းချက်ဆီများကို စုဆောင်းပေးသူများအတွက် လက်ဆောင်ပစ္စည်းများကိုလည်းစီစဉ်ပေးထားကြောင်းသိရသည်။(Xinhua)