Videos
အီဂျစ်နိုင်ငံတွင် ကင်ဆာဝေဒနာရှင် ကလေးငယ်များကို အခမဲ့ ကုသပေး
ကိုင်ရို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ၏ မြို့တော် ကိုင်ရိုရှိ ကမ္ဘာ့အကြီးဆုံး ကလေး ကင်ဆာရောဂါကုဆေးရုံ Children’s Cancer Hospital Egypt 57357 တွင် ကလေးကင်ဆာ ဝေဒနာ သည် ထောင်ပေါင်းများစွာ တို့ အား အခမဲ့ ကုသပေးလျက်ရှိသည်။ ဆေးရုံသည် ကလေးဘဝ ကင်ဆာဝေဒနာ ခံစားနေရသူများအတွက် အထူးသင့်တော်ကြောင်း၊ အဆင့်မြင့်နည်းပညာများနှင့် ပြုစုစောင့်ရှောက်ပေးကြောင်း၊ အခကြေးငွေ လုံးဝမယူဘဲကုသပေးကြောင်း၊ လူမျိုးရေးခွဲခြားမှုလုံးဝမရှိကြောင်း ကင်ဆာဝေဒနာသည်တစ်ဦး၏ မိခင် ကဆိုသည်။
အဆိုပါ ဆေးရုံတွင် အီဂျစ်နိုင်ငံက ကလေးငယ်များသာ မကဘဲ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ ကလေးငယ်များကိုပါ ကုသပေးလျက်ရှိသည်။
၂ဝဝ၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော အဆိုပါဆေးရုံကို အီဂျစ်လူမျိုးစေတနာရှင်များနှင့် ကမ္ဘာတစ်ဝန်း ရှိ အကျိုးအမြတ်မယူ ကလေးကင်ဆာဆေးရုံ အဖွဲ့အစည်းများ၏ လှူဒါန်းငွေဖြင့် ရပ်တည်ခြင်းဖြစ်သည်။ (Xinhua)