Connect with us

Videos

ဦးဝင်းမြင့်က ဆန္ဒမဲ အားလုံး၏ ၆၃ရာခိုင်နှုန်းကျော်ဖြင့် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံရ

နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ရာထူးနေရာ အတွက် ဦးဝင်းမြင့်အား ရွေးချယ် တင်မြှောက်လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ကြေညာခဲ့သည်။

လစ်လပ် သွားခဲ့သည့် နိုင်ငံတော် သမ္မတ ရာထူး နေရာ အတွက် ဒုတိယ သမ္မတ ၃ ဦးအား ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခဲ့ရာ ဦးဝင်းမြင့်သည် ဆန္ဒမဲ အရေအတွက် ၄၀၃ မဲ အများဆုံးဖြင့် ရွေးချယ် တင်မြှောက် ခံခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့် ရှိသူ ၆၃၆ ဦး အနက် ဦးဝင်းမြင့်သည် ၄၀၃ မဲဖြင့် အများဆုံး ရရှိကာ ဦးမြင့်ဆွေသည် ၂၁၁ မဲဖြင့် ဒုတိယ အများဆုံး ရရှိခဲ့ပြီး ဦးဟန်နရီ ဗန်ထီးယူ ၁၈ မဲဖြင့် တတိယ အများဆုံး ရရှိခဲ့သည်။

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲသို့ လေ့လာသူ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.